ကြံခင်း ဇွန် ၇
၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကွေ့မကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ တောင်သူ ဦးခင်လှ လယ်မြေ ၄ ဧက၌ ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ပိုက်ဆံလျှော် (သစ်သိမ်းမြေဩဇာ) ထယ်ထိုးမြေဖုံး ကွင်းသရုပ်ပြပွဲပြုလုပ်ခဲ့ရာ ခရိုင်/မြို့နယ် စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ပိုက်ဆံလျှော် (သစ်သိမ်းမြေဩဇာ) ထယ်ထိုးမြေဖုံးသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဦးစတိုင်းသာ တို့က တောင်သူများအား မိုးစပါးကြဲခင်းစနစ်များ ပပျောက်ရေး၊ သစ်စိမ်းမြေဩဇာသည် အကြီးမြန်ဆွေးမြည့်လွယ်၍ ဇီဝဒြပ်ထုအထွက်များရရှိသော အပင်မျိုးများ ကို ကြဲပက်စိုက်ပျိုး ထယ်ထိုးမြေမြှုပ်ခြင်းအားဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိ များကို ပြောင်းလဲပေးကာ မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးသော သဘာဝမြေဩဇာပင် ဖြစ် ကြောင်း၊ မျိုးစေ့နှုန်းအား ကြဲပက်စနစ်ဖြင့် တစ်ဧကလျှင် ၄ ပြည် မှ ၆ ပြည်အထိ အသုံးပြုနိုင် ကြောင်း၊ မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေပြီး အပေါ်ယံမြေလွှာများ ပျက်စီးမှုကို ကာကွယ် ပေးခြင်းနှင့် မြေညံ့များတွင် စိုက်ပျိုးပြီး ထွန်ယက်မြေမြှုပ်ပေးပါက မြေဆီအရည်အသွေးကို တိုးတက် စေနိုင်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ကွေ့မကျေးရွာအုပ်စု၊ ချောင်းခွကျေးရွာ၊ ကွင်းအမှတ် ၄၆၊ ဦးပိုင်အမှတ် ၂၉၈ တောင်သူ ဦးခင်လှ လယ်မြေ ၄ ဧကအတွင်း ဧပြီလ ၂၀ ရက်နေ့မှ ကြဲပက်ထားစိုက်ပျိုးထားသည့် သစ်စိမ်းမြေဩဇာ ထယ်ထိုးမြေမြှုပ်ကွင်းသရုပ်ပြသမှုကို ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မား ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ ခရိုင်မြေစာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြင့်စိုး၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)