မုံရွာ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးတိပိဋ ကဓမ္မပါလမဟာဝိဟာရကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များ ဆွမ်းကွမ်း အခက်အခဲမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန်၊ဆီ ဆက်ကပ်လှူ ဒါန်းပွဲ အခမ်းအနားကို ဇွန်လ ၆ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရွှေတောင်ဦးတိပိဋက ဓမ္မပါလမဟာဝိဟာရကျောင်းတိုက်ကြီး၊ ဒွိပိဋကဓရ၊ မူလအာမိဓမ္မိက ဘဒ္ဒန္တနန္ဒဝံသာလင်္ကာရ ဆရာတော်နှင့် ပင့်သံဃာဆရာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် ဆွမ်းဆန် အိတ် ၃၀ နှင့် စားသုံးဆီ ၁၀၀ ပိသာတို့အား ဆက်ကပ်လှူ ဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)