ဟုမ္မလင်းမြို့နယ်‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဝက်ပေါက်ဖြန့်ဖြူးခြင်းအခမ်းအနားနှင့် နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဟုမ္မလင်း ဇွန် ၆

ဟုမ္မလင်းမြို့နယ်‌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် ဝက်ပေါက်ဖြန့်ဖြူးခြင်းအခမ်းအနားနှင့် နည်းပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို၊ ဇွန်လ(၆)ရက်နေ့၊ နံနက်(၉)နာရီက ဟုမ္မလင်းမြို့နယ်၊ ကက်သာစံပြကျေးရွာအုပ်စု၊ ကက်သာ‌စံပြကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာခင်စန္ဒာဝင်းက၊ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသော၊ ကက်သာစံပြကျေးရွာအုပ်စု၊ ကက်သာ‌စံပြကျေးရွာနှင့် ဟုမ္မလင်းရပ်၊ မန်မော်ကျေးရွာ မွေးမြူရေးတောင်သူများအား ဝက်ပေါက်များကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်တာဝန်ရှိသူများက လက်ဝယ်ပေးအပ်ခဲ့ပြီး၊ မြို့နယ်‌မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝက်ပေါက်များကို ကူးစက်ရောဂါ ကာကွယ်ဆေးများ ထိုးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝက်မွေးမြူရေးနည်းပညာပေးသင်တန်းပို့ချခဲ့ရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါက်တာ ဇင်မင်းထက်က၊ ဝက်မွေးမြူရေးနှင့် ပတ်သက်၍၊ ဇီဝလုံခြုံမှုကောင်းမွန်အောင် စနစ်တကျမွေးမြူရန်၊ ကူးစက်ရောဂါများ မဖြစ်ပွားအောင်မွေးမြူရန်၊ တစ်နိုင်တစ်ပိုင်မွေးမြူရာမှ ဝက်ကောင်ရေတိုးပွားပြီး၊ ဝင်ငွေများတိုး၍ မွေးမြူရေးနှင့်စီးပွားဖြစ်ထွန်းလာနိုင်စေရန် မွေးမြူသင့်ကြောင်း၊ ရှင်းလင်းပို့ချခဲ့ပြီး၊ တက်ရောက်လာသော  မွေးမြူရေးတောင်သူများမှ မိမိတို့သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီးဝက်‌ မွေး‌မြူရေး‌သင်တန်းကို(၆-၆-၂၀၂၅)ရက်နေ့မှ(၈-၆-၂၀၂၅)ရက်နေ့အထိ(၃)ရက်တိုင် စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)