မအူပင် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးပွဲအား ယနေ့နံနက်(၁၁)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းမှ အဖွင့်မှာစကားပြောကြားပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအတွင်းရေးမှူး ဒေါ်ခင်ခင်ထွန်းမှ ကော်မတီ၏လုပ်ဆောင်ချက်များနှင့် မြို့နယ်အတွင်းရှိကလေးသူငယ်များ၏ အခွင့်အရေးနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားရာ ကော်မတီဝင်များမှ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အဆိုပါ အစည်းဝေးပွဲသို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ကော်မတီဝင်များ၊ အသင်း အဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)