ဟုမ္မလင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနား ကျင်းပ

ဟုမ္မလင်း ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ဇွန်လ (၅) ရက်၊ နံနက် (၁၀) နာရီအချိန်က ဟုမ္မလင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအ‌ဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးစိုင်းနိုင်နိုင်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးရဲဝင်းမှ ကမ္ဘာ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပေးပို့သောသဝဏ်လွှာ ဖတ်ကြာ၍၊မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ၊ဦးစီးအရာရှိ ဒေါ်လှ‌ဌေးနွယ်က ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံနှင့် အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video Clip ကို ပြသပြီး စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး စိုင်းနိုင်နိုင်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသည့် အထက်တန်းအဆင့် အလယ်တန်းအဆင့်ကျောင်းသား ကျောင်းသူများအား၊ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများ ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး စိုင်းနိုင်နိုင်ကျော် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်အဆင့်/မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ခရိုင်အဆင့်/မြို့နယ်အဆင့် အမျိုသမီး‌သမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင် များတက်ရောက်ခဲ့ကြပြီး မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို တက်ရောက်လာကြသူများအား အသိပညာပေးဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)