မြန်အောင် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်နေခြည်စျေးအတွင်း ယနေ့နံနက်က သွေးလွန်တုပ်ကွေးရောဂါကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့်ဖော်မလင်နှင့် အရောင်တင်ဆိုးဆေးများအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
မြန်အောင်နေခြည်စျေးအတွင်း သွေးလွန်တုပ်ကွေးရောဂါကြို တင်ကာကွယ်ရေးအတွက် စျေးအတွင်းအသုံးပြုနေသော ရေကန်များ၊ ကျောက်စည်ပိုင်းများအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ဖုံး သွန် လဲ စစ် လုပ်ငန်းများကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြတ်သီရိနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ မြိုနယ် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်အောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဇော်မင်းထွန်းတို့ပါဝင်သော ပူပေါင်းအဖွဲ့ဖြင့် ဆောင်ရွက် ခဲ့ကြသည်။ ဆက်လက်၍ နေခြည်စျေးအစည်းဝေးခန်းမတွင် စျေးအတွင်း မုန့်ဟင်းခါး၊ ပဲပြား၊ငါးပိနှင့်ကုန်ခြောက်ရောင်းချသူများနှင့်တွေ့ဆုံ၍ ဖော်မလင်နှင့် အရောင်တင်ဆိုးဆေးများ အန္တရာယ်အကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်အကြောင်း အသိပညာပေး ဟောပြော ခဲ့ကြသည်။
ဝင်းဗိုလ်
မြန်အောင် (ပြန်/ဆက်)