ကျုံပျော်မြို့နယ်၌ မျိုးစေ့ချကိရိယာ ( Drum Seeder)ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းပြုလုပ်

ကျုံပျော် ဇွန် ၆

မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရန်နှင့် ကြဲခင်းစနစ် လျော့နည်းပပျောက်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၌ မျိုးစေ့ချကိရိယာ ( Drum Seeder)ဖြင့် သရုပ်ပြစိုက်ပျိုးခြင်း အခမ်းအနားကို မန်းစက္ကူကျေးရွာအုပ်စု၊ ရေနောက်ကျေးရွာ တောင်သူဦးမောင်မြင့်၏ လယ်မြေဧက ၂၀ တွင် ဇွန်လ ၆ ရက် နံနက် ၈ နာရီခွဲအချိန်က ပြုလုပ်သည်။

ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်က မျိုးစေ့ချကိရိယာ ( Drum Seeder) အသုံးပြုခြင်း၏ အားသားချက်နှင့် အကျိုးကျေးဇူးများကို သရုပ်ပြစိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာသူများအား ရှင်းလင်းပြောကြားပြီး မျိုးစေ့ချစိုက်ပျိုးမှုအား လက်တွေ့သရုပ်ပြသခဲ့သည်။

အခမ်းအနားသို့ ကျုံပျော်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင် ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် စိုက်တိုးမြင့်အဖွဲ့များ၊ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများစုစုပေါင်း အင်အား (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)