ကလေး ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကလေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးမြို့နယ် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တိုက်ပွဲရှောင်ပြည်သူများအား တစ်ဦးလျှင် ၂၀၀၀၀ ကျပ်ကို ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကလေးမြို့နယ်အတွင်းရှိ ကျေးရွာများမှ တိုက်ပွဲရှောင်ပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)