တောင်တွင်းကြီးမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

တောင်တွင်းကြီး  ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ဇွန်လ ၁ ရက်နေ့စတင်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်လည်း တောင်တွင်းကြီးမြို့ မြို့နယ်လမ်းစုံနှင့် မြို့အဝင်/အထွက်ဂိတ်များတွင် သက်ဆိုင်ရာအဖွဲ့များဖြင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် တောင်တွင်းကြီးမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူး ရဲမြင့် ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မော်တော်ယာဉ်များအား လိုင်စင်၊ ယာဉ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ပြည့်စုံမှု ရှိ/ မရှိစစ်ဆေးခြင်း၊ လိုင်စင်မဲ့မော်တော်ယာဥ်များ ဖြတ်သန်းသွားလာပါက ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရေးအတွက် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)