ဟိုင်းကြီးကျွန်း ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း (ပစ်ခတ်စဥ်မပါ) အပတ်စဥ် (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုင်းကြီးကျွန်းမြို့၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟိုင်းကြီးကျွန်းမြို့၊မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံမှ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု၏လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ကြရန်နှင့် ဟိုင်းကြီးကျွန်းဒေသ တည်ငြိမ်အေးချမ်းရေးကိုရှေးရှ၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းမှသင်ကြားခဲ့သည်များကိုအခြေခံ၍ မိမိဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကိုကြိုးစားဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး တပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)