အမာမြို့၌ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အခြေခံ စစ်ပညာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) (ပစ်ခတ်စဉ်မပါ) သင်တန်းဆင်းပွဲ အခမ်းအနားပြုလုပ်

အမာ ဇွန် ၆

ဧရာဝတီတိုင်းဒသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) (ပစ်ခတ်စဉ်မပါ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်က ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ဖျာပုံမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးငွေမင်းထိုက်မှ အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့အနေဖြင့် မိမိမြို့ရွာ တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်ဖျက်ဆီးမည့် အန္တရာယ်ကို ပူးပေါင်းကာကွယ် စောင့်ရှောက်နိုင်ရေးအတွက် သင်တန်းကို (၄)ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား (၅၀) ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဖျာပုံမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးငွေမင်းထိုက်နှင့် အဖွဲ့ဝင်များ၊ အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်စုံဝင်း၊ အမာနယ်မြေရဲစခန်း၊ စခန်းမှူး ရဲအုပ်မိုးကျော်လွင်၊ နယ်မြေမီးသတ်စခန်းမှ လ/ထဦးစီးမှူး ဦးရန်နိုင်လင်း၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အမာ (ပြန်/ဆက်)