ညောင်တုန်းမြို့နယ်တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြပွဲကျင်းပ

ညောင်တုန်း ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်များပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ပလတ်စတစ်အမျိုးအစားများနှင့်ဂုဏ်သတ္တိများ၊ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ပတ်ဝန်းကျင်ထိခိုက်သော သက်ရောက်မှုများ၊ အမှိုက်များကိုစနစ်တကျ မစွန့်ပစ်ခြင်းကြောင့် ရေထု၊ လေထု၊ မြေထု ညစ်ညမ်းခြင်းအကြောင်းအရာများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများ စသည်တို့ကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုမီဇင်က စားသုံးသူအခွင့်အရေးနှင့် တာဝန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် အာမခံပေးထားမှုအပေါ် တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှု များရှိပါက ဆက်သွယ်ဆောင်ရွက်နိုင်သည့် လိပ်စာနှင့် ဖုန်းနံပါတ်များစသည့် ‌အကြောင်းအရာများကို လည်းကောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ပြသခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်ဆက်)