ပုသိမ် ဇွန် ၆
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဇွန်လ (၅) ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြပြီး နှစ်စဉ် အထိမ်းအမှတ်အခမ်းအနား ကျင်းပလာခဲ့သည်မှာ ၂၀၂၅ ခုနှစ်တွင်“၅၂” နှစ်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ ယနေ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “ကမ္ဘာတစ်ဝန်း ပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” “Ending Plastic Pollution Globally"ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်း နှစ်စဉ်ပလတ်စတစ်တန်ချိန် သန်း (၄၃၀) ကျော်ထုတ်လုပ်နေပြီး ယင်းတို့အနက် သုံးပုံနှစ်ပုံသည် စွန့်ပစ်ပစ္စည်းဖြစ်လာကာ နောက်ဆုံးတွင် မြစ်ချောင်းနှင့် ပင်လယ်သမုဒ္ဒရာများထဲသို့ရောက်ရှိပြီး ထိုမှတစ်ဆင့် လူသားတို့၏ အစာကွင်းဆက်အထိ ရောက်ရှိလာကာ သက်ရှိများ၏ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေလျက်ရှိပါကြောင်း၊ ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာမြေကြီးအတွက် စိုးရိမ်ဖွယ်စိန်ခေါ်မှုတစ်ရပ် ဖြစ်သော်လည်း ဖြေရှင်းနိုင်သည့် နည်းလမ်းများမှာ လူသားအားလုံး၏ လက်ဝယ်တွင်သာရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေးအတွက် ၂၀၂၄ ခုနှစ်တွင် ချောင်းသာကမ်းခြေနှင့် ၂၀၂၅ခုနှစ်တွင် ငွေဆောင်ကမ်းခြေတို့၌ အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းတို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် ပလတ်စတစ်အမှိုက်ထွက်ရှိမှု လျှော့ချရေးအတွက် သဘာဝနှင့်ကိုက်ညီသည့် ပလတ်စတစ် အစားထိုးပစ္စည်းများသုံးစွဲသည့် အလေ့အထဖြစ်ထွန်းလာစေရန် တိုင်းဒေသကြီးအတွင်းရှိ ဈေးများနှင့် လူစည်ကားသည့်နေရာများတွင် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပလတ်စတစ်အစားထိုးအိတ်များ ဖြန့်ဝေခြင်းတို့အား အပတ်စဉ်တနင်္လာနေ့တိုင်း စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ဆောင်ရွက်ခြင်း၊ မြစ်ချောင်းများ၌ ပလတ်စတစ်ညစ်ညမ်းမှုမရှိစေရန်အတွက် ရေယာဉ်များပေါ်တွင် ပိုစတာများကပ်ခြင်းနှင့် ခရိုင်၊မြို့နယ်၊ ကျေးရွာများ၊ အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများတွင် ဟောပြောပွဲများ ကျင်းပခြင်း၊ စုပေါင်းအမှိုက်ကောက်ပွဲများ ကျင်းပခြင်းတို့ကို အစိုးရဌာနများ၊ NGOများနှင့်အများပြည်သူများပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် “ကမ္ဘာတစ်ဝန်းပလတ်စတစ် ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” “Ending Plastic Pollution Globally” ဆိုသည့်အတိုင်း ပလတ်စတစ် ညစ်ညမ်းမှု ကင်းစင်ရေးလုပ်ငန်းများအား အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို အစိုးရအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း” တိုက်တွန်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် ကုလသမဂ္ဂ ထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် ဗီဒီယို၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေးဗီဒီယို ပြသမှုများကိုကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဆုချီးမြှင်းပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့ ပထမဆု၊ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာ ပထမဆု၊ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော စက်ရုံပထမဆု၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့် (ပထမဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အလယ်တန်းအဆင့် (ပထမဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း မူလတန်းအဆင့် (ပထမဆု)နှင့် ၂၀၂၅၊ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့် (ဒုတိယဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အလယ်တန်းအဆင့် (ဒုတိယဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း မူလတန်းအဆင့် (ဒုတိယဆု)နှင့် ၂၀၂၅၊ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့် (တတိယဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း အလယ်တန်းအဆင့် (တတိယဆု)၊ တိုင်းဒေသကြီးအဆင့် သန့်ရှင်း၍စိမ်းလန်းစိုပြည်သောကျောင်း မူလတန်းအဆင့် (တတိယဆု)နှင့် ၂၀၂၅၊ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် တတိယဆုရရှိသူများကို သယံဇာတရေးရာ ဝန်ကြီးကလည်းကောင်း ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဂုဏ်ပြုဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကာ ၂၀၂၅၊ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
လှမင်းထွဋ် (ပြန်/ဆက်)