ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲအခမ်းအနားကျင်းပ

ညောင်တုန်း ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက နတ်ပေးကျေးရွာအုပ်စုရှိ နတ်ပေးရေကင်းစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သရုပ်ပြပွဲအခမ်းအနားတွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးခိုင်က မိုးရာသီမြစ်ရေမြင့်တက်ချိန်တွင် တာအိခြင်း၊ ထူးပေါက်ခြင်း၊ သဲဗွက်ထခြင်းတို့အတွက် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ စိုးရိမ်ရေအမှတ်အထက် ဆက်လက်မြင့်တက်လာပြီး တာတမံကိုယ်ထည်ပေါ် ရေကျော်၍ တာတမံကျိုးပေါက်မှု အခြေအနေများ ဖြစ်ပွားမှုမရှိစေရေးအတွက် ရေဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လက်တွေ့သရုပ်ပြရှင်းလင်းပြောကြားခဲ့သည်။

မြိုနယ်(ပြန်ဆက်)