နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

နတ်မောက် ဇွန် ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ် စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာနှင့် ကန်ကြီးရပ်ကွက်များသို့သွားရောက်ငှားရမ်းပေးခဲ့​သည်။

စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းဖြင့် စာဖတ်သည့် အလေ့ကျင့်ကောင်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် အလုပ်တာဝန်များမအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် သွားရောက်ငှားရမ်းပေးခြင်းဖြစ်သည်”ဟု မြို့နယ် ပြန်/ဆက်ဒုတိယဦးစီးမှူးက ပြောကြားသည်။

နတ်မောက်မြို့နယ်​ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် အခြေခံပညာရေးကျောင်းများ၊ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ နှစ်ပတ်လျှင် (၁) ကြိမ် စာအုပ်၊ စာစောင်များ လဲလှယ်၍ အခမဲ့ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။

မူမူစန်း