ရေဦးမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုသည့် စာဖြေသံဃာတော်များအား ဆွမ်း၊ အချိုရည်နှင့် အလှူငွေများ ဆက်ကပ်

ရေဦး ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊‌ ရေဦးမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ(၄) ရက် နေ့လယ် ၁၂ နာရီက ရေဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက်၌ စတင်ဖြေဆိုလျက်ရှိရာ စာဖြေသံဃာ‌‌တော်များနှင့် ကြီးကြပ်ဆရာ‌တော်များအား ယမန်နေ့‌နံနက် ၁၀ နာရီက ဆွမ်း၊ အချိုရည်နှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

ပါဠိပထမပြန်စာ‌မေးပွဲ၌ ရေဦးမြို့နယ်အနေဖြင့်အခြေပြုမူလတန်းတွင် သာမဏေ(၄၈)ပါး ၊သီလရှင်(၅)ပါး စုစုပေါင်း(၅၃)ပါး၊ ပထမငယ်တန်းတွင် သာမဏေ(၃၂)ပါး၊ သီလရှင်(၄)ပါး၊ စုစုပေါင်း (၃၆)ပါး၊ ပထမလတ်တန်းတွင် ရဟန်း(၄)ပါး၊ သာမဏေ(၁၀)ပါး စုစုပေါင်း(၁၄)ပါး၊ ပထမကြီးတန်းတွင် ရဟန်း(၄)ပါး၊ သာမဏေ(၁)ပါးစုစုပေါင်း (၅)ပါးတို့ ဘာသာရပ်အလိုက် ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိဖြေဆိုသွားကြမည်ဖြစ်ကြောင်းသိရသည်။

စာမေးပွဲကြီးကြပ်ဆရာ‌တော်များ၊ စာဖြေသံဃာတော်များ၊ သီလရှင်ဆရာလေးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဆွမ်းဝေယျာဝစ္စများ၊ လုံခြုံရေးနှင့်ကျန်းမာရေးကိစ္စရပ်များကို နေ့စဉ်ဖြည့်ဆည်းလှူဒါန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရေဦးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရန်အတွက် ၁၂၈ ပါး စာရင်းပေးသွင်းထားသော်လည်း ၁၀၈ ပါသာ ဖြေဆိုပြီး ဖြေဆိုရန်အပါး(၂၀)ပါး ပျက်ကွက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)