ငပုတောမြို့နယ် တမန်ချောင်းကျေးရွာတွင် လျှပ်စစ်ဓာတ်အားပေးဝေနိုင်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ငပုတော ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တမန်ချောင်းကျေးရွာတွင် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်စေရေး ရည်ရွယ်၍ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူး‌ရေးလုပ်ငန်း မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ဒေသခံပြည်သူများက ပူးပေါင်း၍ကျေးရွာအတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ ဒေသခံပြည်သူများက လျှပ်စစ်ဓာတ်အား ပို့လွှတ်မည့် ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်မည့် ဓာတ်တိုင်များ စိုက်ထူခြင်း၊ ကြံ့ခိုင်မှုရှိ/မရှိစစ်ဆေးခြင်း၊ သစ်ပင်ခြုံနွယ်များ ဓာတ်တိုင်ပေါ်သို့ ရစ်ပတ်မှုမရှိစေရေး မှာကြားပြီး၊ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)