ဟားခါး ဇွန် ၆
ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်နေ ဦးဟရမ်ကျုံးနေအိမ်အား ဇွန်လ ၅ ရက် ည ၁၀ နာရီခွဲဝန်းကျင်တွင် ဖယောင်းတိုင်မီးထွန်ရာမှ မီးလောင်မှုဖြစ်ပွားရာ ဦးဟရမ်ကျုံး၏ နေအိမ်အပြင် ၎င်း၏မွေးစားသမီး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ ဟားခါးခရိုင်မီးသတ်ဦးစီးမှူး ဦးသန်းထွေး၊ ဦးစီးအရာရှိ ဦးရွန်ဒွန်းထန်နှင့် ဦးထန်ကျင့်ဟောက်တို့အပါအဝင် သန္ဓေတပ်ဖွဲ့ဝင် (၁၀) ဦးတို့သည် မီးငြိမ်းသတ် ယာဉ် (၁) စီး ၊ မီးသတ်ရေသယ်ယာဉ် ( ၁ ) ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၂၀ မိနစ် အချိန်တွင် လုံးဝမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ၊ မီးလောင်မှုကြောင့် ဦးဟရမ်ကျုံး၏ အလျား ၃၂ ပေ ၊ အနံ ၂၀ ပေ ၊ သွပ်မိုး ၊ သွပ်ကာ ၊ ပျဉ်ခင်း ၊ ( ၂ ) ထပ် မီးလောင်ဆုံးရှုံးပြီး ၎င်း၏ မွေးစားသမီး အသက် (၃၅) နှစ်အရွယ် ဒေါ်မစိန်မှာ မီးလောင်မှုကြောင့် သေဆုံးခဲ့ကြောင်း ၊ ဖယောင်းတိုင်မီးထွန်းရာမှ မီးလောင်မှုဖြစ်ပွားရခြင်းဖြစ်ကြောင်းနှင့် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များသို့ ကူးစက်မှုမရှိကြောင်း ဟားခါးခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။
( ခရိုင် ပြန်/ဆက် )