ကန့်ဘလူ ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားနှင့်ရောင်စုံပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇွန် ၅ ရင်နံနက် ၁၀ နာရီက ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားမစတင်မီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် အရိပ်ရသစ်ပင် ပျဥ်းကတိုး၊ စိန်ပန်းနှင့်ခရေပင်တို့ကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများနှင့်အတူ ခရိုင်စုပေါင်းရုံးဝန်းအတွင်းတွင် စိုက်ပျိုးပေးခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးက အဖွင့်အမှားစကားပြောကြားသည်။ ထို့နောက် ခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်တာဝန်ခံဦးညီညီစိုးက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံနှင့် ရောင်စုံပန်းချီပြိုင်ပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပန်းချီဆရာကြီး ဦးစိုးမြင့်ဝေက ရောင်စုံပန်းချီပြိုင်ပွဲ ဆုရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဂုဏ်ပြုနှုတ်ဆက်စကားပြောကြားခဲ့သည်။
ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ရောင်စုံပန်းချီပြိုင်ပွဲ အလယ်တန်းဆင့်နှင့်မူလတန်းဆင့် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသောကျောင်းသားကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်တာဝန်ခံတို့က ဆုများအသီးသီးချီးမြင့်ပေးအပ်ပြီး ဆုရရှိသူများကိုယ်စား အလယ်တန်းဆင့်ပန်းချီပြိုင်ပွဲတွင် ပထမဆုရရှိသော မခင်ထက်တုဟန်က ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)