ကျွန်းလှ ဇွန် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန်အတွက် မြို့နယ်သစ်တောဦးစီးဌာန၊ မြို့မပျိုးဥယျဉ်တွင် လူထုဖြန့်ပျိုးပင် ၂၀၀၀၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါပျိုးပင်များအား သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုသင့်တင့်မျှစေရန်၊ သစ်တောသစ်ပင်ချစ်မြတ်နိုးစေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာပြည်သူများနှင့် သစ်ပင်စိုက်ပျိုးပွဲစိုက်ပျိုးရန် အခမဲ့ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျွန်းလှမြို့နယ်၊ မြို့မပျိုးဥယျဉ်တွင် လူထုဖြန့်ပျိုးပင်အဖြစ် ကျွန်း၊ တမာ၊ ပျဉ်းကတိုး၊ ခရေ၊ စွယ်တော်၊ ယူကလစ်၊ မယ်ဇလီပျိုးပင်ပေါင်း ၂၀၀၀၀ ပျိုးထောင်ပြီး အထူးပျိုးပင်အဖြစ် ခရေ၊ မဟော်ဂနီ၊ ဗန်ဒါ၊ ပိတောက် ပျိုးပင် ၄၀၀၀ ပျိုးထောင်ထားရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)