အိမ်မဲ ဇွန် ၆
၂၀၂၅ ခုနှစ် ဇွန်လ (၅) ရက်နေ့ ယမန်နေ့တွင် ရောက်ရှိသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင်ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်း က ကျင်းပခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးကလူသားတိုင်းတွင်တာဝန်ရှိ သည်ခေါင်းစဥ်ဖြင့်လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ခံ တောအုပ် ဦးအောင်မျိုးပိုင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့်ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်များအကြောင်းတို့ကိုအသီးသီးဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကျင်းပရာ ကျောင်းသား/သူများက ဝင်ရောက်ယှဥ်ပြိုင်ကြပြီး ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိ နှင့်တာဝန်ရှိသူများကဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကမ္ဘ့ာပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကိုပြသပေးရာ ကျောင်းသား/သူများနှင့် အခမ်းအနားတက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)