ဓနုဖြူမြို့နယ်၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဓနုဖြူ ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျမောင်းနှင်နိုင်စေရေး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ညနေပိုင်းက အမှတ်(၁၈)ရပ်ကွက်၊ မီးပွိုင့်လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ အဖွဲ့ဝင်(၂)ဦးစိန်မောင်ဝင်း၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီဝင်များပူးပေါင်း၍ ရန်ကုန်-ဟင်္သာတကားလမ်းမတွင် ဖြတ်သန်းသွားလာနေသော မော်တော်ယာဥ်များ၊ မော်တော်ဆိုင်ကယ်များအနေဖြင့် မြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု လျော့နည်းကျဆင်းပပျောက်စေရေးအတွက် ယာဥ်မောင်းသူများအား လိုက်နာရမည့် စည်းကမ်းချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး​ပြောကြားပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)