ညောင်တုန်းမြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ညောင်တုန်း ဇွန် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာန၏ စီစဥ်ဆောင်ရွက်မှုဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၈ နာရီက စက္ကော့တောင်ကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ၌ စုပေါင်းစိုက်ပျိုးခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးဦး‌မင်း‌အေးချမ်းဇွန်နှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း အင်အား(၃၀၀)ဦးခန့်တို့က ကျွန်း(၅၀)ပင်၊ မန်ဂျန်ရှား(၂၇၅)ပင်နှင့် မဟော်ဂနီ(၂၇၅)ပင် စုစုပေါင်းအပင် (၆၀၀) တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်ဆက်)