ပန်းတနော်မြို့၌ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးပြင်ဆင်

ပန်းတနော် ဇွန် ၆

ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်၊ ပန်းတနော်မြစ်ဘေးရှိ River View တွင် ပန်းတနော်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ဦး ဦးဆောင်၍ သဘာဝဘေးအန္တရာယ်နှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားပေါ် ပေါက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးအတွက် ပန်းတနော်မြို့နယ်မီးသတ်စခန်းရှိ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရေပြင်အသက်ကယ်စုဖွဲ့လေ့ကျင့်ဆောင်ရွက်ခဲ့သည်။ ထို့သို့ဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းမှ တက်ရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)