မီးဘေးကြိုတင်ကာကွယ်နိုင်ရေး မြို့ပေါ်ရပ်ကွက်လူနေအိမ်နှင့် ဆန်စက်များအားကွင်းဆင်းစစ်ဆေး

ရေဦး      ဇန်နဝါရီ  ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ်မီးသတ်ဦးစီးမှုးရုံးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ပူးပေါင်း၍  ဇန်နဝါရီ ၁၀ ရက်နံနက် ၈ နာရီကအဖွဲ့နှစ်ဖွဲ့ခွဲကာ  မြို့ပေါ်ရပ်ကွက်   လူနေအိမ်များနှင့် ဆန်စက်များ   မီးဘေးကြိုတင်ကာကွယ်နိုင်‌ရေး  ကွင်းဆင်းစစ်ဆေးမှုပြုလုပ်‌ခဲ့ကြောင်းသိရသည်။

အဆိုပါအဖွဲ့သည် ဆန်းစက်ရုံအတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိမရှိ၊    မီးသတ်ဆေးဘူးနှင့်  မီးဘေးကြိုတင် ကာကွယ်‌‌ရေး ပစ္စည်းများ  ပြင်ဆင်ထားရှိမှုရှိမရှိ၊ ဆန်စက်၀င်းအတွင်း စပါးခွံစုပုံထားရှိ အထူးဂရုပြုရန်  စစ်ဆေးအကြံပေးပြီး   ဆန်စက်လုပ်သားများအား  မီးသတ်ဆေး ဘူးအသုံးပြုနည်းကိုရှင်းပြခဲ့သည်။

ယင်းနောက် ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်းဖြင့် ထင်း၊ မီးသွေး လောင်စာအသုံးပြု နေအိမ်များအား မီးကြွင်းကျန်မရှိစေရေး၊ လျှပ်စစ်ဓာတ်အား ရယူတပ်ဆင် အသုံးပြုမှုနှင့် ပတ်သက်၍ အသုံးပြု ထားသော လျှပ်စစ်ဝါယာ ကြိုးများ၏ အရည်အသွေး ပြည့်မီမှုရှိမရှိနှင့်  အရည်အသွေးပြည့်မီသောပစ္စည်းများ ၀ယ်ယူတပ်ဆင် အသုံးပြုသွား‌ ရေး၊ ဟောင်းနွမ်းဝါယာကြိုးများ အသစ်လဲလှယ် တပ် အသုံးပြုသွားရန်နှင့် ချက်ပြုတ်ပြီးလျှင်ဖြစ်စေ၊  အိမ်ပြင်ပထွက်ခွါလျှင်ဖြစ်စေ မိန်းခလုတ်ချ ထားပြီးမှ ထွက်သင့်ကြောင်း  စစ်ဆေးအကြံပေး ပြောကြားပြီး  မီးလောင်မှုဖြစ်ပွားရခြင်းနှင့်ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြသည်။

ရေဦးမြို့တွင် မြို့ပေါ် ငါးရပ်ကွက်ရှိတယ် ဆိုပေမယ့် မြို့နဲ့ကပ်နေတဲ့ ကျေးရွာနှစ်ရွာပါပေါင်းလိုက်လျှင်   ခုနှစ်ရပ် ကွက်ဖြစ်မယ်၊ ရပ်ကွက် ကျေးရွာတစ်ခုတွင် သုံးရက်ကြာတစ်အိမ်တက်ဆင်း ကွင်းဆင်းပြီး မီးလောင်မှု မဖြစ်ပွားစေဖို့နဲ့ လက်ရှိသုံးစွဲနေကြတဲ့။  မီးသုံးစွဲမှု မြေပြင်အခြေအနေ‌  တွေ့ရှိမှုပေါ်မူတည်ပြီးမီး ဘေးအန္တရာယ် ကင်းဝေး စေရေး  လိုက်နာဆောင်ရွက်သင့်သည့်နည်းလမ်းများကို အကြံပေး တယ်၊ မီးသုံး စွဲမှုစနစ်မှား  နေလျှင်ပြုပြင်‌ရန် ပြောကြားပေးတာတွေလုပ်ပါတယ်၊   ယခုက ရေဦးကုန်း၊ ဗိုလ်အောင်ဇေယျ၊ ရွှေပြည်သာ၊ မန်ကျီးတောရပ်ကွက်ရှိ  ဆန်စက်နှင့် လူနေအိမ်များကိုစစ်ဖို့ စတင် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်၊ အပြီးစစ်ဆေး သွားမှာပါ မြို့ပေါ်ပြီးလျှင်နယ် မြေမီးသတ်စခန်းရှိတဲ့‌ကျေးရွာနှင့် ပတ်၀န်းကျင် ကျေးရွာများပါသက်ဆိုင်ရာ တာ၀န်ရှိသူတွေနဲ့  စစိဆေးအကြံပေးတာတွ ဆက်လက်   လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု  မြို့နယ်မီးသတ် ဦးစီးမှုး  ဦးရန်ပိုင်ဖြိုးကပြောသည်။

သန်းသန်း (ရေဦး )