ပေါင်းတည်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဘိုးဘွားရိပ်သာဘိုးဘွားများအား အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်

ပေါင်းတည် ဇွန် ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းကပေါင်းတည် ဘိုးဘွားရိပ်သာဘိုးဘွားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက  ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေးကြသည်။

အဆိုပါ ဆောင်ရွက်မှုကို မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းချစ်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးမှူးဦးထွန်းဝင်းလတ်  ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများသည် ပေါင်းတည်ဘိုးဘွားရိပ်သာရှိ အဘိုး ၅ ဦးနှင့် အဘွား ၃၃ ဦး၊စုစုပေါင်း ၃၈ ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ လိုအပ်သည့်ဆေးကုသမှုနှင့်ဆေးဝါးများ ထောက်ပံ့ပေးခြင်းများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးကြသည်။

အဆိုပါဘိုးဘွားများ၏ ကျန်းမာရေးစောင့်ရှောက်ခြင်းကို မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အပတ်စဉ် စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရှိရသည်။ ရွှေသား