မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ၊ ဆန်နှင့်ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

မြန်အောင် ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ မြစ်ကျိုးအုပ်စု၊ ရှားတောအုပ်စု၊ မြို့မတဲကြီးကုန်းအုပ်စုနှင့် ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ(၂၈၆၀)ပိဿာ ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီတစ်ပိဿာ (၇၀၆၅) ကျပ်၊ ဆန်တစ်ပြည် (၃၀၀၀) ကျပ်၊ ကြက်ဥတစ်လုံး(၄၅၀)ကျပ်နှုန်းဖြင့် ရောင်းချပေးမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးလင်းလင်းထက် (မြန်အောင်ခရိုင်တာဝန်ခံ)၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမြင်အောင်နှင့် မြန်အောင်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမင်းဇော်ဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။

ဝင်းဗိုလ်