ရေဦးမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို

ရေဦး ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် ၊‌ ရေဦးမြို့တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဇွန်လ(၄) ရက် နေ့လယ် ၁၂နာရီက ရေဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက်၌ စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

 အဆိုပါ ပါဠိပထမပြန်စာ‌မေးပွဲတွင် ရေဦးမြို့နယ်အနေဖြင့် အခြေပြုမူလတန်းတွင်သာမဏေ (၄၈)ပါး ၊သီလရှင်(၅)ပါး စုစုပေါင်း(၅၃)ပါး၊ ပထမငယ်တန်းတွင် သာမဏေ(၃၂)ပါး၊ သီလရှင်(၄)ပါး၊စုစုပေါင်း (၃၆)ပါး၊ ပထမလတ်တန်းတွင် ရဟန်း (၄)ပါး၊သာမဏေ(၁၀)ပါး စုစုပေါင်း(၁၄)ပါး၊ ပထမကြီးတန်းတွင် ရဟန်း(၄)ပါး၊ သာမဏေ(၁)ပါးစုစုပေါင်း(၅)ပါးတို့ ဘာသာရပ်အလိုက် ဝိနည်းကျင့်ဝတ်၊သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်၊ ဒွေမာတိကာ စသည့်ဘာသာရပ်များကို ဇွန်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိဖြေဆိုသွားကြမည်ဖြစ်ကြောင်းသိရသည်။

စာမေးပွဲကြီးကြပ်ဆရာ‌ တော်များ၊စာဖြေသံဃာတော်များ၊သီလရှင် ဆရာလေးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဌ ဦးမင်းနိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုက်ရာများ၊ခရိုင်/ မြို့နယ်မိခင်နှင့်က‌ လေးစောင့်ရှောက်ရေးအသင်းနှင့်မြို့နယ်အမျိုးသမီး‌ ရေးရာအဖွဲ့ဥက္ကဋနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဆွမ်းဝေယျာဝစ္စများ ၊လုံခြုံရေးနှင့်ကျန်းမာ ရေးကိစ္စရပ်များကို နေ့စဉ်ဖြည့်ဆည်းလှူဒါန်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရေဦးမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုရန်အတွက် ၁၂၈ ပါး စာရင်းပေးသွင်းထားသော်လည်း ၁၀၈ ပါသာ ဖြေဆိုပြီး ဖြေဆိုရန် အပါး (၂၀) ပါး ပျက်ကွက်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)