ရွှေဘို ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိနိးသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကိုယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးကအဖွင့် အမှာစကားပြောကြားပြီး ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက် ဆုံးရှုံးမှုများ၊မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သိရှိလိုက်နာသင့်သည့် အချက်များကို ဟောပြောခဲ့သည်။
ဆက်လက်၍ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သူဇာလင်းက၂၀၂၅ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် "ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး" နှင့်အညီ သဘာဝပတ်ဝန်းကျင်အပေါ် ပလတ်စတစ်နှင့် စွန့်ပစ်ပစ္စည်းတို့၏ ခြိမ်းခြောက်နေမှုများ၊ ပလပ်စတစ်ကြောင့် ဖြစ်ပေါ်နေသည့် မြေထု ရေထု လေထု ညစ်ညမ်းမှုများ၊ လူသားတို့အပါအဝင် သက်ရှိအားလုံးတို့အတွက် ပလတ်စတစ်ကြောင့် ခံစားနေကြရသည့် ကျန်းမာရေးဆိုးကျိုးများ၊ စသည့်သက်ရှိတို့အပေါ် ဖြစ်ပေါ်နေသည့် ခြိမ်းခြောက်မှုများကို တားဆီးကာကွယ်နိုင်ရန် အားလုံးပူးပေါင်းဆောင်ရွက်ကြရေးတို့ကို ဟောပြောခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ရုပ်သံဗွီဒီယိုများကိုပြသပေးပြီး၊မေးခွန်းများမေးမြန်းရာ ဖြေဆိုနိုင်သူများအားအမှတ်တရလက်ဆောင်များချီးမြှင့်ပေးကာ အသိပညာပေးလက်ကမ်းစာစောင်များကိုဖြန့်ဝေခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (အကြို) နံရံကပ်စာစောင်များနှင့်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကိုပြသရာ စိတ်ပါဝင်စားစွာကြည့်ရှုမှတ်သားကြောင်းသိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)