ကလေးမြို့တွင် ၂၀၂၅ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ

ကလေး ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသန္တာအောင် က အခမ်းအနားကျင်းပခြင်း၏ ရည်ရွယ်ရွယ်ချက်များကို ပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၌ ဆုရကျောင်းသား/ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများပေးအပ်ကြသည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်ဖြစ်သည့် "ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေး" ခေါင်းစဉ်နှင့်ပတ်သက်သည့် ဗီဒီယိုများပြသခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြ ခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဆုရပန်းချီ ပြသထားရှိမှုများကို ကြည့်ရှုခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ ကလေးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)