မအူပင် ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုး များအား အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက် ၈ နာရီက ညောင်ဝိုင်းကျေးရွာရှိ မအူပင်စက်မှုဇုန်ဝန်းအတွင်း ကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးဝင်းရွှေမှ ပျိုးပင်များပေးဝေပြီး မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ မအူပင်စက်မှုဇုန်ဥက္ကဋ္ဌ ဦးအောင်ကျော်မင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ ကျွန်း (၄၀)ပင်၊ မန်ဂျန်ရှား (၂၀၀)ပင်၊ ယမနေ (၁၅၀)ပင်၊ စိန်ပန်း (၅)ပင်၊ ကံ့ကော် (၅)ပင်၊ ခရေ (၅၀)ပင်၊ မဟော်ဂနီ (၅၀)ပင် စုစုပေါင်း (၅၀၀)ပင်အား စနစ်တကျစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်