လေးမျက်နှာ ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို လေးမျက်နှာမြို့နယ် ရှမ်းရွာအုပ်စု၊ လေးမျက်နှာ-ငါးသိုင်းချောင်းကားလမ်းဘေး မိုင်တိုင်(၆/၄)မှ မိုင်တိုင်(၆/၆)အထိ သစ်ပင် သစ်တောများ စိမ်းလန်းစိုပြေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ် ထိန်းသိမ်းနိုင်ရန်၊ သစ်ပင်သစ်တောများမှ ရာသီဥတုအပူဒဏ်ကိုကာကွယ်ပေးနိုင်သည့်တန်ဖိုးကို နားလည်ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုးမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်သန်းမှ အမျိုးသမီးရေးရာအသင်း၊ မြို့နယ် သစ်တောဦးစီးအရာရှိမှ မီးသတ်ဦးစီးဌာနသို့ ပျိူးပင်များဖြန့်ဝေပေးခဲ့ပြီး သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန် လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်ပြီး သဘာဝဘေးအန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်နိုင်ရန်အတွက် မန်ဂျန်ရှား(၂၀၀)ပင်၊ မဟော်ဂနီ(၂၀၀)ပင်၊ ကံ့ကော်(၈၀)ပင်၊ စိန်ပန်း (၈၀)ပင်၊ ကျွန်း(၈၀)ပင် စိုက်ပျိူးခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိူးပွဲသို့ မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့် ကလေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပြည်သူများ၊ ဆရာ၊ ဆရာမများနှင့်ကျောင်းသားကျောင်းသူများမှ ပူးပေါင်းပါဝင်စိုက်ပျိူးခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)