ဝန်းသို ဇွန် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ မရှိစေရေးအတွက် ယနေ့ နံနက် ၈ နာရီအချိန်၌ အခြေခံပညာ အထက်တန်းကျောင်း(ဝန်းသို) ကျောင်းရှေ့လမ်းမကြီးတွင်စောင့်ဆိုင်း၍ ပူးပေါင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ကောလင်းခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးအောင်မျိုးသူကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကျော်ဆန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့်တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဖြိုးနှင့် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ပြည်သူများမောင်းနှင်နေသော မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များတွင် ယာဉ်လိုင်စင်အတု၊ နံပါတ်ပြားအတုများ တပ်ဆင်မောင်းနှင်ခြင်းရှိ/မရှိနှင့် လိုင်စင်မဲ့ယာဉ်များပါရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီး လိုင်စင်မဲ့ယာဥ်အသုံးပြုမောင်းနှင်သူများတွေ့ရှိပါက ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက အသိပေးပြောကြားခဲ့သည်။
ဝန်းသိုမြို့နယ်အတွင်း လိုင်စင်မဲ့မော်တော်ယာဉ်/ မော်တော်ဆိုင်ကယ်များ လုံးဝမရှိစေရေး စီမံချက်ချမှတ်၍ ဖော်ထုတ်ဖမ်းဆီးဆောင်ရွက်ခြင်းနှင့် ဆိုင်ကယ်အရောင်းဆိုင်များတွင် လိုင်စင်မဲ့နှင့် သက်တမ်းလွန် ဆိုင်ကယ်များရောင်းချမှု ရှိ/မရှိတို့ကို အဖွဲ့စုံဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)