နာဂ​ဒေသ၊ နန်းယွန်းမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များမရှိစေရေး စစ်ဆေးဆောင်ရွက်

နန်းယွန်း ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနန်းယွန်းမြို့နယ်၊ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ မရှိစေရေးအတွက် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က နန်းယွန်း၊ ပန်ဆောင်နှင့် ရှင်ဗွေယန်လမ်းဆုံတွင် ပညာပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ထွေး ဦးဆောင်သော ဌာနဆိုင်ရာများပူးပေါင်း အဖွဲ့က ၂၀၂၅ ခုနှစ်၊ဇွန်လ(၂)ရက်နေ့မှစတင်၍ လိုင်စင်မဲ့မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ မရှိစေရေး စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို မြို့နယ်အဆင့်  စိစစ်ဖော်ထုတ်အရေးယူရေးပူးပေါင်းအဖွဲ့မှ နေ့စဉ် ဆောင်ရွက် လျက်ရှိကြောင်းတာဝန်ရှိသူထံမှသိရသည်။

အဆိုပါလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်မောင်ထွေး၊ နန်းယွန်းမြိုနယ် မြို့မရဲစခန်းမှူး၊ ဒုတိယရဲမှူးကြည်တိုး၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဇော်ဖြူးထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)