လပွတ္တာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

လပွတ္တာ  ဇွန်  ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းနေ့ အထိမ်း အမှတ်အဖြင့် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က (၃)မိုင်မြို့ (၂)ရပ်ကွက်ရှိ မြသန်းတန်ဘုရားကြီးဝန်းအနီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

“သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့” “သင့်အတွက်သစ်ပင်ရှင်အောင် စိုက်ပျိုးကြီးအောင် ပြုစုမြဲအောင်ထိန်းသိမ်း” စသည့် ဆောင်ပုဒ်များနှင့်အညီ သစ်ပင် စိုက်ပျိုးခြင်းသည် ရာသီဥတုကောင်းမွန်မျှတရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းရန်၊ အပူချိန်လျှော့ချနိုင်ရေးနှင့် အပူဒဏ်ကာကွယ်နိုင်စေရန်၊ အရိပ်အာဝါသကောင်းမွန်စွာရရှိစေရန်၊ သစ်တောသစ်ပင်များ၏ တန်ဖိုးကို သိရှိနားလည် နိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇွန်လ(၅)ရက် နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းနေ့အထိမ်းအမှတ်အဖြင့် စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ  ဦးကျော်ဝင်းနိုင်နှင့် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းကျောင်းများမှ သင်တန်းသား၊ သင်တန်းသူများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ပြည်သူများက မန်ဂျန်ရှားပင် (၁‌၄၅၀)၊ မဟော်ဂနီပင်(၃၀၀)၊ စိန်ပန်းပင်(၁၅၀)၊ ကံ့ကော်ပင်(၁၅၀)၊ ကျွန်း(၅၀)ပင်၊ ပျဉ်းကတိုး(၅၀)ပင်နှင့် ခရေ(၁၀၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း ( ၂၂၅၀)ကို တပျော်တစ်ပါး တည်း စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)