သာပေါင်း ဇွန် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ ယနေ့ ၁၃၈၇ ခုနှစ်၊ နယုန်လဆန်း(၉)ရက်၊ ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ကစတင်၍ အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပခဲ့ကြကြောင်း သိရသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲကို စာဖြေဌာနထပ်ဆင့်ကြီးကြပ်ဆရာတော်၊ ကြီးကြပ်ရေးဆရာတော် သံဃာတော်များနှင့် စာဖြေသံဃာတော်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်တို့က နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်းဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ စာဖြေဌာန၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပကြရာ စာဖြေဌာနထပ်ဆင့်ကြီးကြပ်ဆရာတော်(၂)ပါး၊ ကြီးကြပ်ရေး ဆရာတော် သံဃာတော်(၁၀)ပါးတို့၏ ကြီးကြပ်မှုဖြင့် စာဖြေသံဃာတော် ပထမကြီးတန်း စာရင်းရှိ(၄)ပါး၊ ဖြေဆို(၄)ပါး၊ ပျက်ကွက်မရှိ၊ ပထမလတ်တန်း စာရင်းရှိ(၁၁)ပါး၊ ဖြေဆို(၁၀)ပါး၊ ပျက်ကွက်(၁)ပါး၊ ပထမငယ်တန်း စာရင်းရှိ(၁၁)ပါး၊ ဖြေဆို(၁၀)ပါး၊ ပျက်ကွက်(၁)ပါး၊ အခြေပြုမူလတန်း စာရင်းရှိ(၁၂)ပါး၊ စာဖြေ(၈)ပါး၊ ပျက်ကွက်(၄)ပါး၊ ပေါင်းစာဖြေသံဃာ စာရင်းရှိ(၃၈)ပါး၊ စာဖြေ(၃၂)ပါး၊ ပျက်ကွက်(၆)ပါးတို့က ဝိနည်းကျင့်ဝတ်၊ ဘိက္ခုပါတိမောက်ဘာသာ၊ ဒွေမာတိကာဘာသာတို့အား စတင်ဖြေဆိုနေကြပြီး အစိုးရပါဠိပထမပြန်စာမေးပွဲကို (၄၊ ၆၊ ၂၀၂၅ ရက်နေ့မှ ၁၀၊ ၆၊ ၂၀၂၅) ရက်နေ့ထိ မွန်းတည့် ၁၂ နာရီမှ ညနေ ၃ နာရီအထိ စာမေးပွဲကာလအတွင်း စာဖြေဌာနကြီးကြပ်ဆရာတော်၊ သံဃာတော်(၁၂)ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး လှဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊ အဖွဲ့ဝင်(၂)ဦးကျော်တိုး၊ အဖွဲ့ဝင်(၃)မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ဦးစီးမှူးဦးမြင့်မြတ်ဇော်၊ မြို့ဌာနဆိုင်ရာများ၊ မြို့နယ်လုံးဆိုင်ရာ ဥပထမ္ဘကအဖွဲ့တို့က စီစဉ်ကြီးကြပ်၍ စေတနာရှင်အလှူရှင်တို့ ထည့်ဝင် ဆက်ကပ် လှူဒါန်းကြပြီး ကျင်းပလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး