မင်းဘူး ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌၊ ၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မင်းပူးဦးဩဘာသမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားပြီးနောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ (Video Clip)၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ (Video Clip)နှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အသိပညာပေး (Video Clip) ပြသခြင်းများ ဆောင်ရွက်သည်။
ဆက်လက်ပြီး မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက “ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” (Ending Plastic Pollution Globally) ဆောင်ပုဒ်နှင့်အညီ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်အမှတ်အဖြစ် ကျင်းပခဲ့သည့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်တွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် မင်းဘူးခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းနှင့် မူလတန်းအဆင့်ပြိုင်ပွဲများတွင် ဆုရရှိခဲ့သည့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ဆုရကျောင်းများကို ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပြခန်းအတွင်း ခင်းကျင်းပြသထားရှိမှုများကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)