ကျိုက်ထို ဇွန် ၅
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယ၊ ပထမပြန်နှင့် ပါဌိပထမပြန်စာမေးပွဲများကို ဇွန်လ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင် မြို့နယ်သာသနာ့ဗိမ္မာန် ၌ ဖြေဆိုခဲ့ကြသည်။
ထိုသို့ ဖြေဆိုရာတွင် ဓမ္မာစရိယစာမေးပွဲဖြေဆိုရန် စာရင်းသွင်း ၂ ပါး၊ဖြေဆို(၂)ပါး ပထမပြန်စာမေးပွဲတွင် ပထမကြီးတန်းဖြေဆိုရန် စာရင်းသွင်းရဟန်း (၁၆) ပါး၊ဖြေဆို (၁၅)ပါး၊ပျက်ကွက်(၁)ပါး ၊ပထမလတ်တန်းဖြေဆိုရန် စာရင်းသွင်းရဟန်း(၂၁)ပါး၊ ဖြေဆို(၂၀)ပါး၊ပျက်ကွက်(၁)ပါး၊ပထမငယ်တန်း ဖြေဆိုရန်စာရင်းသွင်းရဟန်း(၆၇)ပါး၊ သီလရှင်(၄)ပါး ၊ဖြေဆိုရဟန်း(၅၄)ပါး၊ပျက်ကွက်(၁၃)ပါး၊ သီလရှင်ဖြေဆို(၄)ပါး၊ အခြေပြုမူလတန်းဖြေဆိုရန် စာရင်းသွင်းရဟန်း (၁၀၇)ပါး၊ သီလရှင်(၁၅)ပါး၊ ဖြေဆိုရဟန်း(၈၇)ပါး၊ ပျက်ကွက်(၂၀)ပါး၊ သီလရှင်ဖြေဆို (၁၃)ပါး၊ပျက်ကွက် (၂)ပါးဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ဓမ္မာစရိယစာမေးပွဲဖြေဆိုမှုအားဓမ္မာစရိယစာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသံဝရ(သစ်ဆင်ပရိယတ္တိစာသင်တိုက်)နှင့် ဆရာတော်ကြီးများမှ ကြီးကြပ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)