ပလောက်မြို့တွင် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြား

ပလောက် ဇွန် ၅

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ ယနေ့စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံတော်မှ ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ(အခမဲ့)ထောက်ပံ့ပေးထားပြီး ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်ရေးအတွက် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးကြပ်၍ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျောင်းများရှိ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပလောက်သူမလေး