ဆင်ပေါင်ဝဲ ဇွန် ၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးနိုင်ဦး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင် ထိုင်းဘာသာဖြင့် ကုန်ညွှန်းအမှတ်သား ဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချနေခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဆိုင်ရှင်များအနေဖြင့် ထိုင်းဘာသာဖြင့် ကုန်ညွှန်းအမှတ်သား ဖော်ပြထားပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မပါရှိသော အစိမ်းရောင် ပလတ်စတစ်ဘူးများဖြင့် ရောင်းချခြင်း ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ကုန်ညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ၊ Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ သတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိလျှင် နောက်နောင်စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်မည့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)