အိမ်မဲမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

အိမ်မဲ ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဘုရားကြီးကုန်းကျေးရွာတွင် ယနေ့တွင်ရောက်ရှိသော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့်အဖွဲ့ဝင်များက စိုက်ပျိုးမည့် ပျိုးပင်များကိုဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များထံသို့ဖြန့်ဝေပေးခဲ့ပြီး တက်ရောက်လာသူများက ကျွန်းပင်၊ ပျဥ်းကတိုးပင်၊ မဟော်ဂနီပင်၊ မန်ဂျန်ရှားပင် စုစုပေါင်း အပင်(၅၅၀)အား တစ်ပြိုင်တည်း စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

“သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုညီညွတ်မျှတစေရေး၊ အရိပ်အာဝါသနဲ့ မျက်စိပဒါသ အကျိုးများရရှိစေရေး၊ ဒေသခံပြည်သူများက သစ်ပင်များ စုပေါင်းစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအလေ့အကျင့်များ တိုးပွားလာစေရေးစတဲ့ ရည်ရွယ်ချက်များနဲ့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း” အိမ်မဲမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ် တာဝန်ခံတောအုပ် ဦးအောင်မျိုးပိုင်ပြောကြားချက်အရ သိရသည်။

ချစ်သက်လယ်