ငပုတော‌မြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်

ငပုတော ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့်‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက ငပုတောမြို့နယ်ဖျန်ရေကျော်ကျေးရွာရှိ ဒေသခံပြည်သူများအား ဖျန်ရေကျော်ကျေးရွာ ဘုန်းတော်ကြီကျောင်း ဓမ္မာရုံတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ထို့သို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စိုက်ရေးပျိုးရေး ကိစ္စရပ်များနှင့် လုံခြုံရေးနယ်မြေစိုးမိုးရေးနှင့် ပြည်သူ့ စစ်မှုထမ်းဥပဒေ/နည်းဥပ‌ဒေများ အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေး ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးရဲလင်းထွန်းက တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ဖွဲ့စည်းထားရှိရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများအား အကျယ်တဝင့် ရှင်းပြခြင်းခဲ့သည်။

ဆက်လက်ပြီး မြို့နယ်စိုက်ပျိုး‌ရေးဦးစီးမှူးက စိုက်ပျိုးရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးရေး၊ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များမေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်း‌ဖြေကြားဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)