သရက်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

သရက် ဇွန် ၆

“ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ သရက်မြို့၊ သရက်ခရိုင်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အမှာစကားပြောကြားရာတွင် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ် ဖြေရှင်းရန်နှင့် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် ပြန်လည်စဉ်းစားခြင်းတို့ကို ဦးတည်သည့် လုပ်ဆောင်ချက်အပေါ် အာရုံစိုက်ခြင်းဖြစ်ပြီး ပလတ်စတစ် ညစ်ညမ်းမှု ပြဿနာကြီးထွားလာခြင်းနှင့် မိုက်ခရိုပလတ်စတစ်များကို ဂေဟစနစ်အမျိုးမျိုးနှင့် အစာကွင်းဆက်များသို့ပျံ့နှံ့မှု အပါအဝင် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် သက်ရောက်မှုများကို ဖြေရှင်းရန်၊ ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာများနှင့်ပတ်သက်၍ အသိပညာမြှင့်တင်ရန်၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရန်၊ တစ်ဦးချင်းနှင့်စုပေါင်းလုပ်ဆောင်မှုကို ထောက်ခံအားပေးရန်အတွက် ကမ္ဘာတစ်ဝန်းရှိ လူမှုအသိုင်းအဝိုင်းများကို စည်းရုံးရန်ရည်ရွယ်၍ ယခုနှစ်တွင် “ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး၊ စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” “Ending  Plastic Pollution Globally” ဆောင်ပုဒ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း ကမ္ဘာပတ်ဝန်းကျင် ထန်းသိမ်းရေးနေ့ အခမ်းအနားများကို ကျင်းပလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာ ဗီဒီယို၊ ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ ဗီဒီယို နှင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ် ဗီဒီယိုများပြသခဲ့သည်။ ယင်းနောက် ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)