မြစ်သား ဇွန် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များသည် ဇွန်လ ၃ ရက်နေ့မွန်းလွဲပိုင်းက မြို့နယ်မီးသတ်စခန်းတွင် သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးပစ္စည်းများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အသင့်အနေအထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီးမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်ပြည့်ဖြိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဌေးဝင်းတို့က မီးသတ်စခန်းရှိတပ်ဖွဲ့၀င်များ အသင့်အနေထားရှိမှုများကို စစ်ဆေးခဲ့ပြီး သဘာ၀ဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ယာဥ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများ အသင့်စုဖွဲ့ထားရှိမှုများကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)