ကြံခင်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဖြန့်ဝေ

ကြံခင်း ဇွန် ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ သိပ္ပံလမ်းနှင့် အထက(၁) လမ်းဆုံတွင် ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကြီးကြပ်မှုဖြင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ယာဉ်မတော်တဆမှု မဖြစ်ပွားစေရေးအတွက်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြည်စိုး၊ မြို့နယ်ပညာရေးမှူး ဒေါ်ဌေးဌေး၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော်နှင့် ဝန်ထမ်းများ၊ လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်အောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဌေးအောင်မြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုနိုင်၊ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ‌ဒေါ်စိုးစိုးတင့်နှင့် အဖွဲ့ဝင်များ၊ မစကအဖွဲ့တို့က ပြည်သူများအနေဖြင့် သတ်မှတ်ထားသော လူကူးမျဉ်းကျားမှ လမ်းဖြတ်ကူးခြင်း၊ မီးပွိုင့်များ၊ လမ်းများပေါ်၌ လူကူးရန်သတ်မှတ်ထားသည့် အချက်ပြစနစ်အတိုင်း လိုက်နာဆောင်ရွက်တတ်စေရန်၊ မော်တော်ယာဉ်မောင်းများ ယာဉ်စည်းကမ်း လမ်းစည်းကမ်း သိရှိလိုက်နာစေရန်အတွက် သိထားရမည့်လမ်းပေါ်ရှိ ဆေးရေးအမှတ်အသားများ၊ သတ်မှတ်ယာဉ်ကြောများ၊ လမ်းညွှန်အမှတ်အသားများ၊ ယာဉ်မောင်းသူများ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လမ်းလျှောက်သွားလာသူများ သိရှိလိုက်နာရန်အချက်များ၊ စက်ဘီးစီးသူများလိုက်နာရန် စည်းကမ်းချက်များ စသည့်အကြောင်းအရာများကို အသိပညာပေးပြီး မော်တော်ယာဉ်ဆိုင်ရာ သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)