ပလောက်မြို့၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်

ပလောက် ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာမှု ရှိ/ မရှိ စစ်ဆေးခြင်းကို ဇွန်လ ၂ ရက်နေ့ နံနက် ၇ နာရီခွဲက အမှတ်(၁) ရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးတွင် သက်ဆိုင်ရာအဖွဲ့များပူးပေါင်း  စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်ဦးစီး၍ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ပြည့်ဖြိုးဇော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်း၍ မော်တော်ယာဥ်များအား လိုင်စင်၊ ယာဥ်မောင်းလိုင်စင်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ပြည့်စုံမှု ရှိ/ မရှိစစ်ဆေးခြင်း၊ လိုင်စင်မဲ့ မော်တော်ယာဥ်များ ဖြတ်သန်းသွားလာပါက ဖမ်းဆီးရမိရေး ခရီးသည်တင်ယာဥ်၊ ကုန်တင်ယာဥ်နှင့် မော်တော်ယဆိုင်ကယ်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုင်စင်မဲ့မော်တော်ယာဥ်များ ဖမ်းဆီးရရှိခြင်း မရှိခဲ့ကြောင်း သိရသည်။

ပလောက်သူမလေး