ပုလော ဇွန် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေး စီမံကိန်း(မြစိမ်းရောင်) သမဝါယမကဏ္ဍ တောင်သူများအား မျိုးစပါးသွင်းအားစု မတည်ငွေ ပေးအပ်ပွဲကို ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက တောင်သူများ အနေဖြင့် စိုက်ပျိအသုံးချရမတည်ငွေများကို အကျိုးရှိစွာ အသုံးချရန် အမှာစကားပြောကြားခဲ့ပြီး၊ ပုလောမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ဧကအထွက်နှုန်းတိုးစေရန်၊ တောင်သူလယ်သမားများရဲ့စီးပွားဘဝတိုးတက်စေရန် ရည်ရွယ်၍ ထုတ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပုလောမြို့နယ်ရှိ သမဝါယမအသင်း (၄) မှ အသင်းသား ၄၀ ဦးကို လယ်တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှသော မျိုးစပါးသွင်းအားစု မတည်ငွေအား လယ်ဧက (၂၇၉) ဧကအတွက် ငွေကျပ် သိန်း ၅၅၈ သိန်းကို တောင်သူများ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)