လဟယ် ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက်(၉:၀၀)နာရီအချိန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး လဟယ်မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးပီတာသိုင်ဆောမ်ဟောက်က ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပါသည်။
၎င်းနောက် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းကဆုများကို ချီးမြှင့်ပါသည်။ ထို့နောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip ကို ပြသခဲ့ကြောင်း သိရသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် စစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် လစဉ်မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ကာ ပလတ်စတစ်ကင်းစင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေခြည်ဖြိုးနှင့် အဖွဲ့ဝင်များ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပတ်၀န်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)