ပလောက်မြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုနှင့်ကော်ဖီ၊ ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

ပလောက် ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဇွန်လ ၃ ရက်နေ့ နံနက် ၉နာရီအချိန်က ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုနှင့် ကော်ဖီ၊ ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်း ကသွင်းအားစုအခမဲ့ပေးအပ်ရခြင်း အကြောင်း၊ မိုးစပါးပန်းတိုင်ရဖို့ မျိုး၊ မြေ၊ ရေ၊ နည်းပညာ၊ သွင်းအားစု၊ စိုက်နည်းစနစ် (၄) မျိုးနှင့် ကော်ဖီ၊ ကိုကိုးပျိုပင် အခမဲ့ပေးအပ်ရခြင်း စသည့်ရည်ရွယ်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက်ပလောက်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြိုအုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်၊ ပလောက်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းနှင့်တာဝန်ရှိသူများက ယခုနှစ်မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကျေးရွာ(ဝါးကုန်း)ရှိ အကျိုးဆောင် တောင်သူများအား သွင်းအားစုများ ပေးအပ်ခဲ့ရာ တောင်သူများကိုယ်စား တောင်သူဒေါ်ခင်ဌေးနှင့် ဒေါ်မိအေးရီကလည်းကောင်း၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး အကျိုးဆောင်တောင်သူများအား မျိုးစေ့ပေးအပ်ခဲ့ရာ တောင်သူများကိုယ်စား ကျောက်တောင်ကျေးရွာမှ ဒေါ်ခင်နွယ်ဝင်းကလည်းကောင်း၊ မိုးစပါးတစ်ဧက တင်း(၁၀၀) ရရှိရေးအတွက် အကျိုးဆောင်တောင်သူများအား သွင်းအားစု ပေးအပ်ခဲ့ရာ တောင်သူ ကိုယ်စားက ပလောက်မြို့မှ တောင်သူဦးရာဇာထွန်းကလည်းကောင်း၊ အသီးသီး လက်ခံရယူခဲ့ကြပြီး၊ တောင်သူများကိုယ်စား ဒေါ်ခင်ဌေး ကကျေးဇူးတင် စကားပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ယခုနှစ်ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာ၊ ဆင်းသုခစပါးမျိုး (၃၀၀) တင်း၊ မိုးစပါးတစ်ဧက တင်း (၁၀၀) ရရှိရေး စံပြကွက်အတွက် ဆင်းသုခစပါးမျိုး (၇၀) တင်း၊ မိုးစပါးပန်းတိုင်ရရှိရေးမျိုးစေ့ ထောက်ပံ့ (၁၈၁) ဧကအတွက် ဆင်းသုခမျိုးစပါး (၁၈၁) တင်း၊ တောင်သူ (၈၅) ဦး၊ စုစုပေါင်းဆင်းသုခ စပါးမျိုး (၅၅၁)တင်းနှင့် ကော်ဖီ (၉၃၂၀၀) ပင်၊ ကိုကိုး (၂၀၀၀၀) ပင်တို့အား တောင်သူများအား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြိုအုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်နှင့် မြို့အဆင့်ဌာနဆိုင်များ၊ ပလောက်မြို့၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသော်ဇင်ထွန်းနှင့်ဝန်ထမ်းများ၊ ပလောက်မြို့မှ အကျိုးဆောင်တောင်သူများ၊ စုစုပေါင်း (၉၀) ဦး တက်ရောက်ခဲ့ကြသည်။

ပလောက်သူမလေး