ကသာ ဇွန် ၅
ကသာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၃ ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ကသာခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဖွင့်အမှာစကားပြောကြားရာ၌ ကော်မတီအဖွဲ့ဝင်(၂၀)ဦးဖြင့် ဖွဲ့စည်းထားပြီး ကော်မတီအဖွဲ့ဝင်များအနေဖြင့် ကော်မတီ၏လုပ်ငန်းတာဝန်းအပြင် မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက်ကြဖို့လို့အပ်ပါကြောင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာလုပ်ငန်းသည် ပရဟိတဆန်သော လုပ်ငန်းဖြစ်ပြီး တစ်ဦးတစ်ရောက်ချင်းစီက လုပ်ဆောင်ရမည့် တာဝန်တွေကို မလုပ်ဆောင်ခဲ့ကြ၍ ယနေ့ကမ္ဘာမှာ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ပြဿနာတွေ ကြုံတွေ့နေရကြောင်း၊ မိမိတို့ကသာခရိုင်အနေဖြင့် သဘာဝဘေးအန္ဆရာယ်ဆိုင်ရာ နှစ်စဉ်ဧရာဝတီမြစ်ရေလျှံတက်မှုရှိတဲ့ ဒေသဖြစ်သည့်အတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ဖို့လိုကြောင်း၊ ခုအစည်းအဝေးမှ ဆွေးနွေးချက်များအပေါ် ဆုံးဖြတ်ချက်များချမှတ်၍ အကောင်အထည်ဖော်ကြရန်နှင့် ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။ ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ခရိုင်မိုး/ဇလဦးစီးဌာန ခရိုင်တာဝန်ခံနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံတို့က လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် ဆုံးဖြတ်ရန်အချက်များကို ရှင်းလင်းဆွေးခဲ့ကြသည်။
ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာအသီးသီးက ဝိုင်းဝန်းဆွေးနွေးကြသည့်အပေါ် ကာလသတ်မှတ်ခြင်း၊ ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ် မကျော်လွန်မီ မြို့ပေါ်ရပ်ကွက်များနှင့် မြေနှိမ့်ပိုင်းရပ်ကွက်များကို အသိပေးကြေညာသွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကယ်ဆယ်ရေးစခန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်စေရန်နှင့်အစည်းအဝေး ဆုံးဖြတ်ချက်များကို သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော်နိုင်ရေး စသည့်ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)